ကျေးဇူးပြု၍ ကိုနှိပ်ပါ။ ကိုယ်တိုင်ပြုပြင်ထိန်းသိမ်းခြင်းနှင့်ပတ်သက်သော သတင်းအချက်အလက်များ သင်ရရှိနိုင်ပါသည်။
PDF ဖိုင်များကိုကြည့်ရန် Adobe Reader® ဆော့ဖ်ဝဲလ် လိုအပ်ပါသည်။
Adobe Systems, Inc. ဝက်ဘ်ဆိုဒ်မှတဆင့် Adobe Reader® ဆော့ဖ်ဝဲလ်ကို အခကြေးငွေမဲ့ ဒေါင်းလုတ်ပြုလုပ်နိုင်ပါသည်။
မင်းဘယ်မှာလဲ, ဘယ်သွားသွား၊, သင်အလုပ်လုပ်တဲ့အခါ.
Yanmar သည်သင့်အတွက်ထိုနေရာတွင်ရှိသည်။
ဒေါင်းလုတ်ဆွဲရန်
ကဒ်တလောက် စာအုပ်
အင်ဂျင်ဝိုင်
လုပ်ဆောင်ချက်
- အင်ဂျင်အတွင်း ချောဆီပေးခြင်း၊ ချောမွေ့စေခြင်း၊ အအေးခံခြင်း၊ သန့်ရှင်းပေးခြင်း နှင့် သံချေးမတက်အောင် ကာကွယ်ပေးခြင်း။
- ယန်းမာ၏ စစ်မှန်သောဆီများကို အသုံးပြုခြင်းဖြင့် သင့်၏စက်ကို အမြင့်ဆုံးစွမ်းဆောင်ရည် ရရှိစေနိုင်ပါသည်။ !
ပုံးခွံဒီဇိုင်းသည် နိုင်ငံ၏ရောင်းအားများပေါ်မူတည်၍ ပြောင်းလဲနိုင်ပါသည်။
ဘယ်လိုစစ်ဆေးရမလဲ
- ဆီလယ်ဗယ်တိုင်းတံကို ဆွဲထုတ်ပါ။
- သန့်ရှင်းသောအဝတ်စုတ်ဖြင့် ဆီလယ်ဗယ်တိုင်းတံထိပ်ဖျားမှ ဆီများကို သုတ်ပစ်ပါ။
- အင်ဂျင်ဝိုင်ညစ်ညမ်းနေမှုကို စစ်ဆေးပြီး ဆီလယ်ဗယ်တိုင်းတံကို ပြန်ထည့်ပါ။
- ဆီပမာဏမှာ ဆီလယ်ဗယ်တိုင်းတံပေါ်ရှိ အပေါ် နှင့် အောက် ပမာဏများကြားတွင် ရှိပါက၊ ပမာဏမှာ လုံလောက်မှု ရှိပါသည်။
... လျှင် ပြုပြင်ထိန်းသိမ်းမှုလုပ်ပါ သို့မဟုတ် အစားထိုးလဲလှယ်ပါ
- နာရီ ၂၅၀ ကြာတိုင်း ဆီကိုလဲလှယ်ပါ။
- ဆီ ညစ်ညမ်းနေပါက သို့မဟုတ် စေးပျစ်မှုနည်းပါးနေပါက ဆီကိုလဲလှယ်ပါ။
ဖြစ်နိုင်ချေရှိသောပြဿနာ
- အင်ဂျင်ပါဝါကျဆင်းလာပါလိမ့်မည်။
- အင်ဂျင်အပူချိန်လွန်ကဲမှုဖြစ်ပြီး အင်ဂျင်အလုပ်လုပ်မည်မဟုတ်ပါ။
- မာဖလာမှ အဖြူရောင်မီးခိုးများ အဆက်မပြတ်ထွက်နေပါလိမ့်မည်။
- ကော်နက်တင်းရော့ဒ်ဘယ်ယာရင်များ၊ ပစ္စတင်ကွင်းများ သို့မဟုတ် ဆလင်ဒါဘလောက်တို့ ပွန်းစားနေပါလိမ့်မည်။
အင်ဂျင်ဝိုင်ဖစ်လ်တာ
လုပ်ဆောင်ချက်
- အင်ဂျင်ဝိုင်သန့်ရှင်းနေစေရန် အင်ဂျင်ဝိုင်မှ အညစ်အကြေးများကို ဖယ်ရှားခြင်း။
- ယန်းမာ၏ စစ်မှန်သောဖစ်လ်တာများကို အသုံးပြုခြင်းဖြင့် သင့်၏စက်ကို အမြင့်ဆုံးစွမ်းဆောင်ရည် ရရှိစေနိုင်ပါသည်။ !
ဘယ်လိုစစ်ဆေးရမလဲ
ပုံပန်းသဏ္ဍာန်ကိုကြည့်၍ အစားထိုးလဲလှယ်ရမည့်အချိန်ကို ဆုံးဖြတ်၍မရနိုင်ပါ။ ထို့ကြောင့် ပုံမှန်ပြုပြင်ထိန်းသိမ်းမှု လုပ်သည့်အချိန်တိုင်းတွင် စစ်ဆေးပါ။
... လျှင် ပြုပြင်ထိန်းသိမ်းမှုလုပ်ပါ သို့မဟုတ် အစားထိုးလဲလှယ်ပါ
- ပထမဦးစွာနာရီ ၅၀ မောင်းနှင်ပြီး ဖစ်လ်တာကိုလဲလှယ်ပါ။ ထို့နောက်နာရီ ၂၅၀ တိုင်းလဲလှယ်ပါ။
- အင်ဂျင်ဝိုင်လဲလှယ်သည့်အခါတွင် ဖစ်လ်တာကိုပါ တစ်ခါတည်းအစားထိုးလဲလှယ်ပါ။
ဖြစ်နိုင်ချေရှိသောပြဿနာ
- အညစ်အကြေး (သတ္တုအမှုန်) ကို အင်ဂျင်ဝိုင်မှ ဖယ်ရှား၍မရနိုင်ဘဲ၊ သတ္တုအမှုန်များသည် အင်ဂျင်အစိတ်အပိုင်းများကို ပွန်းစားမှုဖြစ်စေပါလိမ့်မည်။
- အဆိုးဆုံးကိစ္စရပ်တွင် အင်ဂျင်တုန့်ကနဲ ရပ်သွားပါလိမ့်မည်။
လောင်စာဆီ(ဒီဇယ်)ဖစ်လ်တာ
လုပ်ဆောင်ချက်
- လောင်စာဆီ(ဒီဇယ်)မှ အညစ်အကြေးများကို ဖယ်ရှားခြင်း
- ယန်းမာ၏ စစ်မှန်သောဖစ်လ်တာများကို အသုံးပြုခြင်းဖြင့် သင့်၏စက်ကို အမြင့်ဆုံးစွမ်းဆောင်ရည် ရရှိစေနိုင်ပါသည်။ !
ဘယ်လိုစစ်ဆေးရမလဲ
ပုံပန်းသဏ္ဍာန်ကိုကြည့်၍ အစားထိုးလဲလှယ် ရမည့်အချိန်ကို ဆုံးဖြတ်၍မရနိုင်ပါ။ ထို့ကြောင့် ပုံမှန် ပြုပြင်ထိန်းသိမ်းမှုလုပ်သည့် အချိန်တိုင်းတွင် စစ်ဆေးပါ။
... လျှင် ပြုပြင်ထိန်းသိမ်းမှုလုပ်ပါ သို့မဟုတ် အစားထိုးလဲလှယ်ပါ
- နာရီ ၂၅၀ တိုင်း လောင်စာဆီ(ဒီဇယ်)ဖစ်လ်တာကို အစားထိုးလဲလှယ်ပါ။
ဖြစ်နိုင်ချေရှိသောပြဿနာ
- အင်ဂျင်သည် အဆင်ပြေချောမွေ့စွာ စတင်လည်ပတ်လိမ့်မည် မဟုတ်ပါ။
- အင်ဂျင်ပါဝါကျဆင်းလာပါလိမ့်မည်။
- လောင်စာဆီ(ဒီဇယ်)ပန့် သို့မဟုတ် ဆီဖြန်းနော်ဇယ်များ ပျက်ဆီးခြင်း ဖြစ်ပေါ်လိမ့်မည်။
ဆီရေစစ်
လုပ်ဆောင်ချက်
- လောင်စာဆီ(ဒီဇယ်)မှ ရေကိုဖယ်ထုတ်ခြင်း
- ယန်းမာ၏ စစ်မှန်သောဖစ်လ်တာများကို အသုံးပြုခြင်းဖြင့် သင့်၏စက်ကို အမြင့်ဆုံးစွမ်းဆောင်ရည် ရရှိစေနိုင်ပါသည်။ !
ဘယ်လိုစစ်ဆေးရမလဲ
- ရေ သို့မဟုတ် အခြားသောအညစ်အကြေးများ စုပုံနေခြင်းရှိ မရှိ စစ်ဆေးပါ။
- ရေ၏ပမာဏကို ကော်ကွင်းကို ကြည့်၍ ဆုံးဖြတ်နိုင်သည်။
... လျှင် ပြုပြင်ထိန်းသိမ်းမှုလုပ်ပါ သို့မဟုတ် အစားထိုးလဲလှယ်ပါ
- နာရီ ၅၀ တိုင်း ရေကိုဖောက်ထုတ်ပါ။
- နာရီ ၁၀၀ တိုင်း ဆီရေစစ်ကို သန့်ရှင်းရေးလုပ်ပါ။
- နာရီ ၂၅၀ တိုင်း ဆီရေစစ်ကို အစားထိုးလဲလှယ်ပါ။
ဖြစ်နိုင်ချေရှိသောပြဿနာ
- အင်ဂျင်ပါဝါကျဆင်းလာပါလိမ့်မည်။
- အင်ဂျင်လည်ပတ်နှုန်း မတည်ငြိမ်ပါ။
- လောင်စာဆီ(ဒီဇယ်)ပန့် သို့မဟုတ် ဆီဖြန်းနော်ဇယ်များ ပျက်ဆီးခြင်း ဖြစ်ပေါ်လိမ့်မည်။
ထရန်စမစ်ရှင်းဆီ
လုပ်ဆောင်ချက်
- ထရန်စမစ်ရှင်းအတွင်း ချောဆီပေးခြင်း၊ အအေးခံခြင်း နှင့် သံချေးတက်ခြင်းမှ ကာကွယ်ပေးခြင်း။
- ထရန်စမစ်ရှင်းဆီကို ဟိုက်ဒရောလစ်စနစ်များ အတွက် ဟိုက်ဒရောလစ်ဆီအဖြစ် အသုံးပြုနိုင်ပါသည်။
- ယန်းမာ၏ စစ်မှန်သောဆီများကို အသုံးပြုခြင်းဖြင့် သင့်၏စက်ကို အမြင့်ဆုံးစွမ်းဆောင်ရည် ရရှိစေနိုင်ပါသည်။ !
ပုံးခွံဒီဇိုင်းသည် နိုင်ငံ၏ရောင်းအားများပေါ်မူတည်၍ ပြောင်းလဲနိုင်ပါသည်။
ဘယ်လိုစစ်ဆေးရမလဲ
စစ်ဆေးကြည့်ရှုသည့်အပေါက် (မှန်အဝိုင်း)
- စစ်ဆေးကြည့်ရှုသည့်အပေါက်(မှန်အဝိုင်း)မှနေ၍ ဆီပမာဏကို စစ်ဆေးပါ။
- ဆီပမာဏမှာ အပေါ် နှင့် အောက် ပမာဏများကြားတွင် ရှိပါက၊ ပမာဏမှာ လုံလောက်မှု ရှိပါသည်။
- ဆီပမာဏမလုံလောက်ပါက၊ စစ်ဆေးကြည့်ရှု့သည့်အပေါက်(မှန်အဝိုင်း) တ္ငင်လုံလောက်သည့်ဆီပမာဏ မြင်ရသည်အထိ ဆီဖြည့်ပါ။
... လျှင် ပြုပြင်ထိန်းသိမ်းမှုလုပ်ပါ သို့မဟုတ် အစားထိုးလဲလှယ်ပါ
- ပထမဦးစွာနာရီ ၅၀ မောင်းနှင်ပြီး ဆီကိုလဲလှယ်ပါ။ ထို့နောက်နာရီ ၆၀၀ တိုင်းလဲလှယ်ပါ။
- ဆီ ညစ်ညမ်းနေပါက သို့မဟုတ် စေးပျစ်မှုနည်းပါးနေပါက ဆီကိုလဲလှယ်ပါ။
ဖြစ်နိုင်ချေရှိသောပြဿနာ
ပါဝါထရန်စမစ်ရှင်း သို့မဟုတ် ဟိုက်ဒရောလစ်စနစ်တွင် ချို့ယွင်းချက် ဖြစ်ပေါ်နေပါလိမ့်မည်။
အရှေ့အိတ်ဇယ်လ်(ဝင်ရိုး)ဆီ
လုပ်ဆောင်ချက်
- အရှေ့အိတ်ဇယ်လ်(ဝင်ရိုး)အတွင်း ချောဆီပေးခြင်း၊ အအေးခံခြင်း နှင့် သံချေးတက်ခြင်းမှ ကာကွယ်ပေးခြင်း။
- ယန်းမာ၏ စစ်မှန်သောဆီများကို အသုံးပြုခြင်းဖြင့် သင့်၏စက်ကို အမြင့်ဆုံးစွမ်းဆောင်ရည် ရရှိစေနိုင်ပါသည်။ !
ပုံးခွံဒီဇိုင်းသည် နိုင်ငံ၏ရောင်းအားများပေါ်မူတည်၍ ပြောင်းလဲနိုင်ပါသည်။
ဘယ်လိုစစ်ဆေးရမလဲ
- ဆီလယ်ဗယ်တိုင်းတံကို ဆွဲထုတ်ပါ။
- သန့်ရှင်းသောအဝတ်စုတ်ဖြင့် ဆီလယ်ဗယ်တိုင်းတံထိပ်ဖျားမှ ဆီများကို သုတ်ပစ်ပါ။
- ဆီလယ်ဗယ်တိုင်းတံကို ထပ်ထည့်ပါ။ ဆီပမာဏမှာ ဆီလယ်ဗယ်တိုင်းတံပေါ်ရှိ အပေါ်နှင့် အောက် ပမာဏများကြားတွင် ဖြစ်ပါက၊ ပမာဏမှာ လုံလောက်မှုရှိပါသည်။
... လျှင် ပြုပြင်ထိန်းသိမ်းမှုလုပ်ပါ သို့မဟုတ် အစားထိုးလဲလှယ်ပါ
- ပထမဦးစွာနာရီ ၅၀ မောင်းနှင်ပြီး ဆီကိုလဲလှယ်ပါ။ ထို့နောက်နာရီ ၃၀၀ တိုင်းလဲလှယ်ပါ။
- ဆီ ညစ်ညမ်းနေပါက ဆီကိုလဲလှယ်ပါ။
ဖြစ်နိုင်ချေရှိသောပြဿနာ
ဂီယာပွန်းစားခြင်း သို့မဟုတ် ညှပ်ခြင်း များဖြစ်ပေါ်ပြီး ပျက်ဆီးနိုင်ပါသည်။
Air cleaner
လုပ်ဆောင်ချက်
- အင်ဂျင်လေအဝင်မှ ဖုန်မှုန့်နှင့် အညစ်အကြေးများကို ဖယ်ရှားခြင်း။
- ယန်းမာ၏ စစ်မှန်သောဖစ်လ်တာများကို အသုံးပြုခြင်းဖြင့် သင့်၏စက်ကို အမြင့်ဆုံးစွမ်းဆောင်ရည် ရရှိစေနိုင်ပါသည်။ !
ဘယ်လိုစစ်ဆေးရမလဲ
- လေစစ်ကာဗာကို ဖယ်ရှားပါ။
- လေစစ်ကိုဆွဲထုတ်ကာ၊ ညစ်ညမ်းနေမှုကို စစ်ဆေးပါ။
- အညစ်အကြေးကိုဖယ်ရှားရန် လေစစ်၏အတွင်းမှနေ၍ လေဖြင့်မှုတ်ပါ။
- လေစစ်ကို မူလအနေအထားအတိုင်း ပြန်ထည့်ပါ။
- လေစစ်ကာဗာကို မြဲမြံစွာတပ်ပါ။
... လျှင် ပြုပြင်ထိန်းသိမ်းမှုလုပ်ပါ သို့မဟုတ် အစားထိုးလဲလှယ်ပါ
- လေစစ်ကိုနာရီ ၁၀၀ တိုင်း သန့်ရှင်းရေးပြုလုပ်ပါ သို့မဟုတ် သန့်ရှင်းရေးပြုလုပ်ရန် လိုအပ်လျှင်။
- နာရီ ၄၀၀ တိုင်း ဖစ်လ်တာ(လေစစ်)ကို အစားထိုးလဲလှယ်ပါ။
ဖြစ်နိုင်ချေရှိသောပြဿနာ
- အင်ဂျင်ထံ လေဝင်ရောက်မှုမလုံလောက်ခြင်းကြောင့် အင်ဂျင်ပါဝါ ကျဆင်းပြီး အင်ဂျင် ကောင်းမွန်စွာအလုပ်လုပ်မည်မဟုတ်ပါ။
- မာဖလာမှ အမဲရောင်မီးခိုးများ အဆက်မပြတ်ထွက်နေပါလိမ့်မည်။
- အချိန်မတိုင်မှီ ပစ္စတင်ကွင်းများ ပွန်းစားခြင်းများ ဖြစ်ပေါ်လိမ့်မည်။
ပန်ကာကြိုး
လုပ်ဆောင်ချက်
- ပန်ကာနှင့် ရေကိုလှည့်ပတ်စေသောပန့် ကိုမောင်းနှင်ခြင်းဖြင့် ဘက်ထရီကို အားသွင်းသည်။
- ယန်းမာ၏ စစ်မှန်သောဘတ်ကြိုးများကို အသုံးပြုခြင်းဖြင့် သင့်၏စက်ကို အမြင့်ဆုံးစွမ်းဆောင်ရည် ရရှိစေနိုင်ပါသည်။ !
ဘယ်လိုစစ်ဆေးရမလဲ
- ဘတ်ကြိုးကိုသင့်လက်ချောင်းနှင့်ဖိထားပြီး ကြိုးလျော့အားမှာ ၁၅ မှ ၂၀ မီလီမီတာ ကြားတွင်ရှိကြောင်း စစ်ကြည့်ပါ။
- ဘတ်ကြိုးတွင် ပွန်းစားမှု သို့မဟုတ် ပျက်စီးမှု ရှိ မရှိ စစ်ကြည့်ပါ။
... လျှင် ပြုပြင်ထိန်းသိမ်းမှုလုပ်ပါ သို့မဟုတ် အစားထိုးလဲလှယ်ပါ
- ဘတ်ကြိုးပွန်းစားနေပါသည်။
- ဘတ်ကြိုးပျက်စီးနေပါသည် (ဘတ်ကြိုးအက်ကွဲနေပါသည်။)
- ဘတ်ကြိုးကိုနာရီ ၅၀၀ တိုင်းလဲလှယ်ပါ။
ဖြစ်နိုင်ချေရှိသောပြဿနာ
- အင်ဂျင်မှ ပုံမှန်မဟုတ်သောအသံ (ဘတ်ကြိုးချော်ထွက်သည့်အသံ) ထွက်ပေါ်လာပါလိမ့်မည်။
- အင်ဂျင်အပူချိန်လွန်ကဲမှုဖြစ်ပြီး အင်ဂျင်အလုပ်လုပ်မည်မဟုတ်ပါ။
- ဘက်ထရီအားဝင်လိမ့်မည်မဟုတ်ပါ။
ရေတိုင်ကီ/ ဖုန်ကာ
လုပ်ဆောင်ချက်
ပူနေသောအအေးခံရည်ကို အအေးခံခြင်း
ဘယ်လိုစစ်ဆေးရမလဲ
ရေတိုင်ကီဖုန်ကာ
- ရေတိုင်ကီဖုန်ကာကိုဖယ်ရှားပါ။
- ရေတိုင်ကီဖုန်ကာပေါ်တွင် စုပုံနေသော ဖုန်မှုန့် သို့မဟုတ် အညစ်အကြေးများကိုဖယ်ရှားရန် လေဖြင့်မှုတ်ပါ။
- ဖုန်ကာကို မူလအနေအထားအတိုင်း ပြန်ထားပါ။
ရေတိုင်ကီလိုင်း
- ရေတိုင်ကီလိုင်းများကြားရှိ ဟနေသောနေရာများတွင် အညစ်အကြေးများ စုပုံနေခြင်းရှိ မရှိ စစ်ဆေးပါ။
- လိုင်းများကိုလေဖြင့်မှုတ်ပါ။
ဖုန်ကာ
- ဖုန် သို့မဟုတ် အညစ်အကြေးများကိုဖယ်ရှားရန် ဖုန်ကာ၏ အရှေ့အနောက် နှစ်ဖက်စလုံးကို လေဖြင့်မှုတ်ပါ။
... လျှင် ပြုပြင်ထိန်းသိမ်းမှုလုပ်ပါ သို့မဟုတ် အစားထိုးလဲလှယ်ပါ
ဖုန်ကာကို နေ့စဉ်သန့်ရှင်းရေးလုပ်ပါ။
ဖြစ်နိုင်ချေရှိသောပြဿနာ
အင်ဂျင်အပူချိန်လွန်ကဲမှုဖြစ်ပြီး အင်ဂျင်အလုပ်လုပ်မည်မဟုတ်ပါ။
အအေးခံရည်
လုပ်ဆောင်ချက်
အင်ဂျင်အတွင်း အပူချိန်ထိန်းပေးသည်။
စစ်မှန်သောအပိုပစ္စည်းများ သတ်မှတ်ချက်သည် နှိင်ငံပေါ် မူတည်ပါသည်။
ဘယ်လိုစစ်ဆေးရမလဲ
- ရေပြန်ဘူးအတွင်းရှိ အအေးခံရည်ပမာဏကိုစစ်ဆေးပါ။ FULL နှင့် LOW ကြားတွင် အအေးခံရည် ရှိကြောင်း သေချာအောင်လုပ်ပါ။
- အအေးခံရည်အလုံအလောက်မရှိပါက၊ သန့်စင်သောရေကို ထည့်ပါ။
- အအေးခံရည်မကြည်တော့ပါက၊ အအေးခံရည်ကိုလဲလှယ်ပါ။
... လျှင် ပြုပြင်ထိန်းသိမ်းမှုလုပ်ပါ သို့မဟုတ် အစားထိုးလဲလှယ်ပါ
- ရေပြန်ဘူးရှိ အအေးခံရည်ပမာဏမှာ LOW လိုင်းအောက် ရောက်နေပါသည်။
- သက်တမ်းကြာရှည်ခံသောအအေးခံရည်ကို အသုံးပြုပါ။ ထိုအအေးခံရည်ကို 2 နှစ်ကြာတိုင်း လဲလှယ်ပါ။
ဖြစ်နိုင်ချေရှိသောပြဿနာ
၎င်းသည် အင်ဂျင်အပူလွန်ကဲမှုဖြစ်စေမည်ဖြစ်ကာ၊ အင်ဂျင်အလုပ်လုပ်လိမ့်မည်မဟုတ်ပါ။
အမဲဆီထည့်(ထိုး)ခြင်း
လုပ်ဆောင်ချက်
ရေ သို့မဟုတ် ဖုန်မှုန့်ဝင်ရောက်ခြင်းကို တားဆီးခြင်း နှင့် ပွတ်တိုက်မှုအားကို လျှော့ချခြင်း။
စစ်မှန်သောအပိုပစ္စည်းများ သတ်မှတ်ချက်သည် နှိင်ငံပေါ် မူတည်ပါသည်။
ဘယ်လိုစစ်ဆေးရမလဲ
အမဲဆီထည့်(ထိုး)ရမည့်အဓိကအစိတ်အပိုင်းများ
- တိုက်ရော့ဒ်အစွန်
- ရှေ့အိတ်ဇယ်(ဝင်ရိုး) ဆုံလည်
- ဘရိတ် နှင့် ပါကင်ဘရိတ် လင့်ခ်
- ၃ နေရာချိတ်ဆက်
- မောင်းနှင်ရှပ်ဖ် (ရိုထရီ)
အပိုင်းတစ်ပိုင်းစီကို အမဲဆီထည့်ခြင်းအတွက်အသုံးပြုသူလက်စွဲကိုကြည့်ပါ။
... လျှင် ပြုပြင်ထိန်းသိမ်းမှုလုပ်ပါ သို့မဟုတ် အစားထိုးလဲလှယ်ပါ
နာရီ ၅၀ တိုင်း အမဲဆီထည့်(ထိုး)ပါ။
ဖြစ်နိုင်ချေရှိသောပြဿနာ
ဂီယာများ သို့မဟုတ် စက်၏အောက်ဘက်ရွှေ့လျားသောအပိုင်း များလျင်မြန်စွာပွန်းစား နိုင်ပါသည်။