မြင်းကောင်ရေ 70.0 - 84.5 PS
အလေးချိန် 3571 - 3591 kg

လေလွင့်ဆုံးရှုံးမှုနည်းပါးစွာ ရိတ်သိမ်းနိုင်ပြီး အရည်အသွေးကောင်းမွန် စွာခြွေလှေ့ပေးနိုင်သည် Yanmar YH700 / YH850 ရိတ်သိမ်းခြွေလှေ့စက်

Maru handle ကိုပေါင်းစပ်အသုံးပြူထားသောကြောင့် ရိတ်သိမ်းသည့် အချိန်တွင် စွမ်းဆောင်ရည် အဆင့်အမြင့်မားဆုံးအခြေအနေကို ရရှိနိုင်သည်။နှစ်ဆင့်ရိုတာသည် အရှိန်အမြင့်ဆုံးရိတ်သိမ်းနေသည့် အခြေအနေတွင် စပါးအလေအလွင့် နည်းပါးအောင် ခြွေလှေ့သည့် လုပ်ငန်းကို လုပ်ဆောင်ပေးသည်။ Engine မှလည်း အမြင့်ဆုံးစွမ်းဆောင်ရည် နှင့် ဆီစားသက်သာမှုကိုပေးစွမ်းသည်။


စက်၏ ပင်မအင်္ဂါရပ်များ

၁. အချက်အလက် နံပါတ် (၁) Maru လက်ကိုင်ကိုပြောင်းလဲ အသုံးပြုခြင်း

ရိုးရှင်းသည့် Maru လက်ကိုင် လှည့်အားဖြင့် Crawler နှစ်ဖက်လုံးကို ထိန်းချုပ်နိုင်ခြင်းသည် Yanmar ၏မူလနည်းစနစ်ဖြစ်ပါသည်။အလွယ်တကူ ကွေ့ရလွယ်ကူသည့် Maru လက်ကိုင်ကို ရိတ်ခြွေစက်တွင် ပြောင်းလဲ အသုံးပြူခြင်းဖြင့် သင့်ရဲ့ရိတ်သိမ်းသည့် အလုပ်ပိုမိုလျင်မြန်ပြီးမြောက်မည်ဟု ဆိုလိုပါသည်။


၂. စွမ်းအင်အပြည့် အသုံးပြုနိုင်ခြင်း ၊ ဆီစားသက်သာခြင်း

ဆလင်ဒါလေးလုံး စုစုပေါင်းထုထည် (၃၃၁၈) စီစီပမာဏနှင့် မြင်းကောင်ရေ (၈၅) ကောင် ရှိသော ဒီဇယ်အင်ဂျင်တပ်ဆင် ထားသောကြောင့် အမြင့်ဆုံးပါဝါနှင့် အကောင်းဆုံးဆလင်ဒါအတွင်း မီးလောင်ပေါက်ကွဲနိုင်မှု စွမ်းရည်ရှိသည်။ဒီဇယ်ဆီစားနှုန်းသက်သာစေသော တိုက်ရိုက်ဒီဇယ် ဆီအင်ဂျက်ရှင်းစနစ်ကို အသုံးပြုထားသည်။


၃.ဂီယာဘောက် ဒီဇိုင်းအသစ်

ပျက်စီးလွယ် အစိတ်အပိုင်းများအား အသုံးပြုထားခြင်းမရှိသောကြောင့် မလိုလားအပ်သော ကုန်ကျမှုများ နည်းသွားစေခြင်း


၄. ဆီသိုလှောင်ကန်

ဒီဇယ်ဆီတိုင်ကီ သိုလှောင်နိုင်မှုပမာဏသည် ၁၁၅ လီတာ သိုလှောင်နိုင် သောကြောင့် တစ်နေ့တာအလုပ်ုလပ်နေစဉ်အတွင်း ဆီထပ်မံဖြည့်ရန် မလိုအပ်ပါ။


၅.မြေပြင်ကင်းလွတ်ခွင့် 460 mm

အလုပ်လုပ်နေစဉ်တွင် ဂီယာဘောက်ကို ရိုးပြတ်များနှင့် ကောင်းစွာကင်းလွတ်နိုင်ရုံသာမက မြေပြင်မှလည်း လုံလောက်သောအကွာအဝေး လွတ်ကင်းသည့်အတွက် လယ်ကွက်တစ်ကွက်နှင့်တစ်ကွက် ပြောင်းရွှေ့ရိတ်သိမ်းရာတွင်လည်း မပြောင်းလဲသော လုပ်ဆောင်မှုကို ရရှိမည် ဖြစ်သည်။


၆. လွယ်ကူစွာ ပြုပြင်ထိန်းသိမ်းနိုင်ခြင်း

စပါးခြွေလှေ့ခန်းအဖုံးများအား လွယ်ကူစွာဖွင့်ပြီး ပြုပြင် ထိန်းသိမ်းနိုင်သည်။


၇. ကြီးမားသော စပါးနှံသိုလှောင်ကန်

သီးနှံသိုလှောင်ကန်မှာ ၁၆၇၀ လီတာ ထုထည်ပမာဏရှိသဖြင့် သီးနှံရိတ်သိမ်းခြွေလှေ့ချိန်ကို ကြာရှည်စွာဆက်တိုက် စောင်ရွက်နိုင်ပါသည်။


၈.GPS စနစ်သုံး ဝန်ဆောင်မှုအားစက်များတွင် တပ်ဆင်ပေးထားခြင်း

Smart Assist Remote (GPS) တပ်ဆင်ထားခြင်းကြောင့် စက်၏အလုပ်လုပ်ဆောင်ပုံ၊ ပျက်စီးမှုများကို အချိန်နှင့် တပြေးညီ သိရှိနိုင်ပြီး အခြေအနေအပေါ် မူတည်ပြီး ပျက်စီးမှုများကို တိကျစွာပြင်ဆင်နိုင်ခြင်း၊ မလိုလားအပ်သည့် ထိခိုက်စေမှု ၊ ခိုးယူမှုများကို ဖုန်း (သို့မဟုတ်) အီးမေးဖြင့် အလွယ်တကူအသိပေးနိုင်ခြင်း။


အသေးစိတ်အချက်အလတ်မျာ

မော်ဒယ် YH700GU YH850GUW
ကိုယ်ထည် အလျား mm 5070 5070
အနံ mm 2285 2285
အမြင့် mm 2280 2280
စက်အလေးချိန် kg 3571 3591
အင်ဂျင် မော်ဒယ် 4TNV98 4TNV98T
အမျိုးအစား Water-coolde 4-cycle 4-cylinder vertical diesel Water-coolde 4-cycle 4-cylinder vertical diesel
ဆလင်ဒါထုထည် cc 3318 3318
အများဆုံး ပါဝါအထွက် kW{PS}/rpm 51.5{70.0}/2500 62.1{84.5}/2500
လောင်စာဆီ ဒီဇယ် ဒီဇယ်
လောင်စာဆီကန် ပမာဏ L 115 115
ခရော်လာ အကျယ်* အလျား mm 500*1750 550*1750
အမြန်နှုန်း ထိန်းချုပ်မှု speeds HST with hydraulic servo, mechanical FDS
ရိတ်သိမ်းအမြန်နှုန်းပြောင်းဂီယာ အနှေှး/ပုံမှန်/အမြန် ဂီယာ (၃) ဆင့်ပါဝင်သည်
လမ်းမောင်းအရှိန်နှုန်း m/sec low speed: 0 to 0.88
Standard: 0 to 1.37
High speed: 0 to 1.85
low speed: 0 to 1.00
Standard: 0 to 1.55
High speed: 0 to 2.09
အနိမ့်ဆုံးမြေပြင်ကင်းလွတ်မှု mm 330 to 460 330 to 460
ရိတ်သိမ်းမှု
အပိုင်း
စပါးပင်ခွဲအကျယ် mm 2060 2060
ရိတ်သိမ်းပုံစံ Reel + Platform Reel + Platform
ဓါးသွားအကျယ် mm 1975 1975
ဓါးသွား အနိမ့်အမြင့် mm (-) 50 to 1,000 (-) 50 to 1,000
ရစ်ဘီး အချင်း*အကျယ် mm 900*1920 900*1920
လည်ပတ်နှုန်း rpm 43(37) 43(37)
ခြွေလှေ့ အပိုင်း ခြွေလှေ့သည့်အမျိုးအစား mm ရိုတာ(၂)ဆင့်ဖြင့် ရိတ်သိမ်းခြွေလှေ့ခြင်း ရိုတာ(၂)ဆင့်ဖြင့် ရိတ်သိမ်းခြွေလှေ့ခြင်း
ရှေ့ရိုတာ (အချင်း*အကျယ်) 400*520 400*520
ခြွေလှေ့ရိုတာ (အကျယ်*အလျား) mm 850*1410 850*1410
ခြွေချရိုတာ (အချင်း*အကျယ်) 640*1850 640*1850
ဇကာကျဲဇယား ဧရိယာ m2 1.75 1.75
စပါးအစေ့ထုတ်
အပိုင်း
အမျိုးအစား လှောင်ကန်အမျိုးအစား လှောင်ကန်အမျိုးအစား
လှောင်ကန်ဝင်ဆံ့မှု ပမာဏ L 1670 1670
စပါးသွန်ချအမြင့် mm 1049 to 4272 1049 to 4272
စပါးသွန်ချ အကွာအဝေး mm 2880 2880
စပါးသွန်ချမှု ကြာမြင့်ချိန် minutes 1 minute 50 seconds 1 minute 50 seconds