မြင်းကောင်ရေ 72.0 PS
အလေးချိန် 2250 kg

အရည်အသွေးမြင့်မားပြီး ဘက်စုံအသုံးပြုနိုင်သော စွမ်းဆောင်ရည်ပြည့် Yanmar EF725T ထွန်စက်

လယ်ကွင်းထဲမှာပဲဖြစ်ဖြစ် ခက်ခဲကြမ်းတမ်းသော မြေအမျိုးအစားမှာပဲဖြစ်ဖြစ် နေရာဒေသ မရွေးအသုံးပြုနိုင်ေသော မြင်းကောင် ရေ (၇၂) ကောင်အားရှိသည့်ဒီဇယ်အင်ဂျင်ကိုသာ အသုံးပြုလိုက်ပါလွယ်ကူလျင်မြန်စွာ ထွန်ယက်စိုက်ပျိုးနို င်လို့လူကြီးမင်းတို့ ဝင်ငွေ ပိုတိုးစေနိုင်ပါသည်။အကြမ်းခံသော ထရန်စမစ်ရှင်း ကို အသုံးပြုထားသောကြောင့် လုပ်ငန်းပြီးမြောက်မှု ပိုမိုတွင်ကျယ်ပြီး၊ စွမ်းဆောင်ရည်အပြည့်အဝဖြင့် ပြုပြင်ထိန်းသိမ်းမှုကုန်ကျစရိတ်နည်း ပါးစွာအသုံးပြုနိုင်ပါသည်။​

အောက်ဖေါ်ပြပါ စက်နှင့်ပတ်သက်သောအချက်အလက်များ


စက်၏ ပင်မအင်္ဂါရပ်များ

၁. အချက်အလက် နံပါတ် (၁) တိုက်ရိုက်လောင်စာဖြန်းစနစ် အင်ဂျင်

အမြင့်မားဆုံး စွမ်းဆောင်ရည်၊ သက်သာသော ဆီစားနှုန်း နှင့် အစွမ်းထက်ဆုံးသော အင်ဂျင် ဖြစ်ပါသည်။ စစ်မှန်သော နည်းပညာဖြင့် တီထွင်ဖန်တီးထားသော လုပ်ငန်းခွင်ပေါင်းများစွာတွင် အသုံးပြုနိုင်သော Yanmar 72 PS အင်ဂျင် ၊အင်ဂျင်လည်ပတ်အရေအတွက်အနှေးဆုံးမှာပင်ရုန်းအား အရမ်းကောင်းမွန်သည်ဟု ထိတွေ့ခံစားရနိုင်မည့် အမြင့်ဆုံးစွမ်းအင်တွေကို ထုတ်လွှတ်နိုင်သော အင်ဂျင် ဖြစ်သည်။


၂. အချက်အလက် နံပါတ် (၂) လွယ်ကူရိုး ရှင်းစွာ မောင်းနှင် နိုင် ခြင်း

ရှေ့ဘီး ဝင်ရိုးအား ၅၅ ဒီဂရီအထိ တိမ်းစောင်းနိုင်ရေး အထူး ပြုလုပ်ထားသည့်အတွက် အကွေ့အဝိုက်တိုတောင်းစွာဖြင့် မောင်းနှင် နိုင်ပြီး ရွှံ့ဗွက်များပေကျံ ခဲ့လျင်လည်း ဖယ်ရှားရန် မလိုဘဲဆက်ကက်မောင်းနှင် နိုင်သည့်အတွက် အချိန်ကုန်သက်သာစေမှာ ဖြစ်ပါသည်။


၃. အချက်အလက် နံပါတ် (၃) ပါဝါစတီယာရင်

ဟိုက်ဒရောလစ် သိုလှောင်နိုင်မှု မြင့်မားသော ဆလင်ဒါ တပ်ဆင်ထားသည့်အတွက် ပါဝါစတီယာရင်သည် အချိုးအကွေ့များတွင် ညင်သာစွာချိုးကွေ့နိုင်သည့်အတွက်အလုပ်ပိုမို တွင်ကျယ်စွာ လုပ်နိုင်စွမ်းအားရှိသည်။ စက်မောင်းနေစဉ် အချိန်အတွင်း စက်မောင်းသူကိုင်ထားသော လက်မှ စတီယာရင် တုန်ခါမှုအား လျော့ချ ပေးထားသည့်အတွက်သက်တောင့်သက်သာ ဖြစ်စေသည်။


၄. အချက်အလက် နံပါတ် (၄) စွမ်းအင်ပြည့် ထရန်စမစ်ရှင်း

ဒီဇိုင်း အသစ်ဖြင့် ကြာရှည် အသုံးပြုနိုင် သော ထရန်စမစ်ရှင်းတပ်ဆင်ထားသည်။ ရှေ့ဂီယာ ၈ ချက် နောက် ဂီယာ ၈ ချက် အသုံးပြုနိုင်သော ထရန်စမစ်ရှင်း၏ အသွင် ပြင်နှင့် စွမ်းဆောင်ရည်တို့သည် လယ်ကွင်းနှင့် ကောက်ပဲသီးနှံကွင်းစသည် တို့တွင် Yanmar အင်ဂျင်နှင့်တွဲဖက်ပြီး ကောင်းသည် ထက်ကောင်းအောင် စွမ်းဆောင်နိုင်မည် ဖြစ်သည်။


၅. အချက်အလက် နံပါတ် (၅) ပြုပြင် ထိန်းသိမ်းရ လွယ်ကူခြင်း

စက်ဖုံးကလစ်တချက် ဆွဲကာဖွင့်ရုံဖြင့် နေ့စဉ်သန့်ရှင်းရေးနှင့် ပြုပြင်ထိန်းသိမ်းမှုတို့ကို လွယ်ကူစွာပြုလုပ်နိုင်သည့်အတွက် စက်သက်တမ်းကြာရှည်စွာ အသုံးပြုနိုင်မှာဖြစ်ပါသည်။


အသေးစိတ် အချက်အလက်များ

စက်အမျိုးအစား လေးဘီးမောင်နှင်မှုစနစ်
အင်ဂျင်စက် မော်ဒယ် 4TNV98
အမျိုးအစား ဆလင်ဒါလေးလုံးထိုးအင်ဂျင်နှင့်အတူ လိုင်းအတွင်းရေအေးပေးစနစ်
အသားတင်မြင်းကောင်ရေအား PS(kW)/rpm 72(53.1)/2500
PTO ဝင်ရိုးရဲ့ အမြင့်ဆုံးပါဝါနှုန်း PS(kW)/rpm 62.5(46.0)/2500
ဆလင်ဒါထုထည် cc 3319
ဆလင်ဒါအရွယ်အစားနဲ့ အကွာအဝေး mm 98x110
ဘက်ထရီ Volt 12
ဆီလှောင်ကန် ပမာဏ Litre 70
လေစစ်အမျိုးအစား အကြိုလေစစ်+ခြောက်သွေ့သောလေစစ်နှစ်ထပ်
မောင်းနှင်မှုစနစ် ထွန်စက်၏ ရှေ့ဘီးအရွယ်အစား inch 9.5-24
ထွန်စက်၏ နောက်ဘီးအရွယ်အစား inch 16.9-30
ကလပ်အမျိုးအစား အခြောက်အမျိုးအစား တစ်ပြားတည်း
ပင်မဂီယာ constantmesh,main shift:Synchro mesh
ဘက်ပြောင်းဂီယာ Synchro mesh
ဂီယာအရေ အတွက် ရှေ့ဂီယာ ၈ချက်+နောက်ဂီယာ ၈ချက်
စတီယာရင် နှုန်းပြည့်ဟိုက်ဒရောလစ်(Hydrostatic)
ဘရိတ် ဆီတွင်စိမ်ထားသော ဘရိတ်ပြားစနစ်
လေးဘီးယက်အမျိုးအစား Mechanical (စက်မှု)
ဘရိတ်ဖြင့်ချိုးကွေ့နိုင်သော အချင်းဝက် m 3.5
အမြနှုန်း ရှေ့သို့ km/hr 2.9-31.8
နောက်သို့ km/hr 3.0-32.4
PTO PTO သတ်မှတ်အရွယ်အစား SAE1-3/၈ လက်မ(၃၅ မီလီမီတာ) ၆သွား
PTO မြန်နှုန်း rpm 540/2409
PTO နှင့်အင်ဂျင်ချိတ်ဆက်ပြီး မြန်နှုန်း rpm 720/2287
ဟိုက်ဒရောလစ် စနစ် ဟိုက်ဒရောလစ် ပန့်စီးဆင်းနှုန်းလီတာ၊မိနစ် litre/min 30.8
ဟိုက်ဒရောလစ် ထိန်းချုပ်မှုစနစ် Position Control/ Draft Control
နေရာသုံးခုတွင် ချိတ်ဆက်အသုံးပြုမှု SAE စံသတ်မှတ်ချက်No.2
အမြင့်ဆုံးမတင်နိုင်စွမ်းအား kg 2400
၂၄ လက်မနေရာတွင်မတင် နိုင်စွမ်းအား kg 1600
အနည်းဆုံး ၅၀၀ မီလီမီတာအောက်တွင် မတင်နိုင်စွမ်းအား kg 2000
စက်အလေးချိန်နှင့်အတိုင်းအတာများ စက်၏ပင်မအလေးချိန် (ဝိတ်တုံးနှင့်ဆက်စပ်ပစ္စည်းများမပါ) kg 2250
စက်၏ကိုယ်ထည်အလျား(ရှေ့ဝိတ်တုံးတန်းမှ နောက်ဘက်ချိတ်ဆွဲတန်းအထိ) mm 3670
စက်၏ ကိုယ်ထည်အလျား(ရှေ့ဝိတ်တုံးတန်းမှ နောက်ဘီးအထိ) mm 3430
စက်၏အနံ (ဘယ်ဘက်မှ ညာဘက်တာယာအစွန်းထိ) mm 1865
ဘီးနှစ်ခုကြားအကွာအဝေး(ရှေ့ဘီးမှ နောက်ဘီးသို့) mm 2050
စုစုပေါင်းအမြင့် (မြေပြင်မှ အမိုးကိုင်းအထိ) mm 2600
ထွန်စက်၏ မြေပြင်မှ အမြင့် mm 450
ဘီးနှစ်ခုကြားအကွာအဝေး(ရှေ့ဘီးဘယ်မှညာ) mm 1420-1530
ဘီးနှစ်ခုကြားအကွာအဝေး(ေနောက့်ဘီးဘယ်မှညာ) mm 1440-1730