မြင်းကောင်ရေ 51.0 PS
အလေးချိန် 1540 kg

အရည်အသွေးမြင့်မားပြီး ဘက်စုံအသုံးပြုနိုင်သော စွမ်းဆောင်ရည်ပြည့် Yanmar EF514T ထွန်စက်

လယ်ကွင်းထဲမှာပဲဖြစ်ဖြစ် ခက်ခဲကြမ်းတမ်းသော မြေအမျိုးအစားမှာပဲဖြစ်ဖြစ် နေရာဒေသ မရွေးအသုံးပြုနိုင်ေသော မြင်းကောင် ရေ (၅၁) ကောင်အားရှိသည့်ဒီဇယ်အင်ဂျင်ကိုသာ အသုံးပြုလိုက်ပါလွယ်ကူလျင်မြန်စွာ ထွန်ယက်စိုက်ပျိုးနို င်လို့လူကြီးမင်းတို့ ဝင်ငွေ ပိုတိုးစေနိုင်ပါသည်။အကြမ်းခံသော ထရန်စမစ်ရှင်း ကို အသုံးပြုထားသောကြောင့် လုပ်ငန်းပြီးမြောက်မှု ပိုမိုတွင်ကျယ်ပြီး၊ စွမ်းဆောင်ရည်အပြည့်အဝဖြင့် ပြုပြင်ထိန်းသိမ်းမှုကုန်ကျစရိတ်နည်းပါး စွာအသုံးပြုနိုင်ပါသည်။

အောက်ဖေါ်ပြပါ စက်နှင့်ပတ်သက်သောအချက်အလက်များ


စက်၏ ပင်မအင်္ဂါရပ်များ

၁. အချက်အလက် နံပါတ် (၁) တိုက်ရိုက်လောင်စာဖြန်းစနစ် အင်ဂျင်

ဆီစားသက်သာပြီး၊လူကြီးမင်းတို့၏ လိုအပ်ချက်ကို စွမ်းအင်အပြည့်ဖြင့် ဖြည့်ဆည်းပေးနိုင်သော ဆလင်ဒါတစ်လုံးတွင် ဗားလေးဗားနှင့် ဆလင်ဒါထုထည်စုစုပေါင်း ၃.၃ လီတာ နှင့် မြင်းကောင် ရေ ၅၁ကောင်စွမ်းအား ရှိပြီးသဘာဝလေဝင်မှု စနစ်ကိုအသုံးပြုထားခြင်း၊ မည်သည့်လည်ပတ်ရည်ဖြ င့်မဆိုမြင့်မားသောစွမ်းအင်ထုတ်လွှတ်အားအပြည့် ရှိသည်။ အင်ဂျင်လည်ပတ်အရေအတွက်အနှေးဆုံးမှာပင်ရုန်းအား အရမ်းကောင်းမွန်သည်ဟု ထိတွေ့ခံစားရနိုင်မည့် အမြင့်ဆုံးစွမ်းအင်တွေကို ထုတ်လွှတ်နိုင်သော အင်ဂျင် ။


၂. အချက်အလက် နံပါတ် (၂) လွယ်ကူရိုး ရှင်းစွာ မောင်းနှင် နိုင် ခြင်း

အကွေ့အကောက်များတွင် ရှေ့ဘီးအား ၁၀ ဒီဂရီ တိမ်းစောင်းကာ ဝင်ရိုးအား ၅၅ ဒီဂရီထိ ကွေ့ဝိုက်ကာ မောင်းနှင်နိုင်ပြီး ဘီးတိမ်းချော်မှုမဖြစ်စေရန် ပြုလုပ်ထားသောကြောင့် လယ်ယာမြေများတွင် အကွေ့အဝိုက်တိုကာ အချိန်ကုန်သက်သာစေမှာ ဖြစ်ပါသည်။


၃. အချက်အလက် နံပါတ် (၃) ပါဝါစတီယာရင်

ဟိုက်ဒရောလစ်ပါဝါ စတီယာရင် စနစ်အားအသုံးပြုထားသောကြောင့် ပေါ့ပါးစေပါသည်၊ အထူးသဖြင့်ကျောက်ဆောင်များ ခက်ခဲကြမ်းတမ်းသော မြေပြင်များတွင် ရှေ့ဂေါ်တပ်ကာ အသုံးပြုပါက လွယ်ကူစွာကွေ့နိုင် ဝိုက်နိုင်ပြီးအလုပ်ပိုမိုတွင်ကျယ် စေပါသည်။


၄. အချက်အလက် နံပါတ် (၄) စွမ်းအင်ပြည့် ထရန်စမစ်ရှင်း

ဒီဇိုင်း အသစ်ဖြင့် ကြာရှည် အသုံးပြုနိုင် သော ထရန်စမစ်ရှင်းတပ်ဆင်ထားသည်။ ရှေ့ဂီယာ ၉ ချက် နောက် ဂီယာ ၉ ချက် အသုံးပြုနိုင်သော ထရန်စမစ်ရှင်း၏ အသွင် ပြင်နှင့် စွမ်းဆောင်ရည်တို့သည် လယ်ကွင်းနှင့် ကောက်ပဲသီးနှံကွင်းစသည် တို့တွင် Yanmar အင်ဂျင်နှင့်တွဲဖက်ပြီး ကောင်းသည် ထက်ကောင်းအောင် စွမ်းဆောင်နိုင်မည် ဖြစ်သည်။


၅. အချက်အလက် နံပါတ် (၅) ပြုပြင် ထိန်းသိမ်းရ လွယ်ကူခြင်း

စက်ဖုံးကလစ်တချက် ဆွဲကာဖွင့်ရုံဖြင့် နေ့စဉ်သန့်ရှင်းရေးနှင့် ပြုပြင်ထိန်းသိမ်းမှုတို့ကို လွယ်ကူစွာပြုလုပ်နိုင်သည့်အတွက် စက်သက်တမ်းကြာရှည်စွာ အသုံးပြုနိုင်မှာဖြစ်ပါသည်။


အသေးစိတ်အချက်အလတ်မျာ

အမည် Yanmar EF514T ထွန်စက်
စက်အမျိုးအစား လေးဘီးမောင်နှင်မှုစနစ်
အင်ဂျင်စက် ထုတ်လုပ်သည့် ကုမ္ပဏီ Yanmar
မော်ဒယ် 4TNV98
အမျိုးအစား ဆလင်ဒါလေးလုံးထိုးအင်ဂျင်နဲ့အတူ
ဆလင်ဒါအရေအတွက် လေးလုံးထိုးအင်ဂျင်
ဆလင်ဒါအချင်း mm 88x90
ဆလင်ဒါ ထုထည် L 2.19
မြင်းကောင်ရေ ps/rpm 51/2800
ဆီတိုင်ကီ အရွယ်အစား L 40
အရွယ်အစား စက်၏အလျား mm 3230
စက်၏အကျယ် mm 1605
စက်၏အမြင့် mm 2355
ဘီးအကွာ အဝေး mm 1830
မြေင်ပြင်မှ အကွာအဝေး mm 375
ချိန်ညှိနိုင်သည့် ဘီးအကွာအဝေး ရှေ့ဘီး mm 1305-1553
ချိန်ညှိနိုင်သည့် ဘီးအကွာအဝေးနောက်ဘီး mm 1270-1344
စက်အလေးချိန် kg 1540
မောင်းနှင်မှုစနစ် ရှေ့တာယာ အရွယ်အစား inch 8~18
နောက်တာယာ အရွယ်အစား inch 13.6~26
ကလပ် အခြောက်အမျိုးအစား တစ်ပြားတည်း
ဘရိတ် ဆီတွင်စိမ်ထားသော ဘရိတ်ပြားစနစ်
စတီယာ၇င် နှုန်းပြည့် ဟိုက်ဒရောလစ် (Hydrostatic)
ပင်မဂီယာ Constant mesh
ဘက်ပြောင်း ဂီယာ Constant mesh
ဂီယာ အရေအတွက် ရှေ့ဂီယာကိုးချက်ေ နာက်ဂီယာ ကိုးချက်
အမြန်နှုန်း ရှေ့သို့ km/hr 1.6-28.8
အမြန်နှုန်းနောက်သို့ km/hr 1.7-29.7
ဟိုက်ဒရောလစ်စနစ် ဟိုက်ဒရောလစ် ထိန်းချုပ်မှုစနစ် position Control
နေရာသုံးခုတွင် ချိတ်ဆက် အသုံးပြုမှု Category 1
အမြင့်ဆုံးမတင် နိုင်စွမ်းအား kN (kgf) 13.2(1350)
၂၄ လက်မနေရာတွင် မတင်နိုင်စွမ်းအား kN (kgf) 11.0(1120)
PTO ပီတီအိုသတ်မှတ်အရွယ်အစား SAE 1-3/8,6-splines
ဂီယာ နံပါတ် ၁ မြန်နှုန်း speed/rp 568/2800
ဂီယာ နံပါတ် ၂ မြန်နှုန်း speed/rp 769/2800