မြင်းကောင်ရေ 20.9 PS
အလေးချိန် 797 kg

စပါး စိုက်ပျိုးရာတွင် ပိုမိုကောင်းမွန် မြန်ဆန်စွာ လုပ်ဆောင်ပေးနိုင်မည့် YR60D ကောက်စိုက်စက်

ကောက်စိုက်စက် အသုံးပြုခြင်းသည် အလုပ်သမားများ ဖြင့် စိုက်ပျိုးရသည့် ကုန်ကျစရိတ် ၊ ကြာချိန် နှင့် အားစိုက်လုပ်ဆောင်ရခြင်း စသည့်အချက်များတွက် ပုံမှန်လက်ဖြင့် စိုက်ပျိုးခြင်း၊တိုက်ရိုက်ပျိုး ကြဲခြင်း ထက်ပိုမို ကောင်းမွန်စွာ အထောက်အပံ့ပေးနိုင်ပါသည်။ ကောက်စိုက်စက်အသုံးပြုခြင်းဖြင့် စပါးစိုက်ပျိုးနှုန်းပိုမိုလာပြီး အကျိုးအမြတ်များလည်း ပိုမိုရရှိနိုင်ပါသည်။


စက်၏ ပင်မအင်္ဂါရပ်များ

၁. စပါးကွင်းနှင့် ကိုက်ညီသည့် ပမာဏ အတိုင်း ချိန်ညှိ စိုက်ပျိုး နိုင်ခြင်း

ကောက်စိုက်စက်သည်စပါးပင်များအား ညီမျှသည့် ကြီး ထွားနှုန်း ရရှိနိုင် ရန် မပြောင်းလဲ သော အချိန်အပိုင်းအခြားတိုင်း (၁) ကိန်းသေ မျိုးစေ့ အရေအတွက် ဖြင့် ၎င်း (၂) ပုံသေ အနက်ဖြင့် ၎င်း လုပ်ဆောင်ပေးနိုင်ပါသည်။


၂. စွမ်းအင်အပြည့်အသုံးပြုနိုင်ပြီး ၊ ဆီစားသက်သာသည့် အင်ဂျင်

ပိုမိုကြာရှည်ခံသည့် စွမ်းဆောင်ရည် နှင့် သက်သာသည့် ဆီစားနှုန်းဖြင့် ရေနက်ကွင်းများတွင်လည်း မပြောင်းလဲသည့် စွမ်းဆောင်ရည်ကို ပေးစွမ်း နိုင်သည့် Yanmar 3TNM72 မြင်းကောင်ရေ (၂၀.၉) အင်ဂျင် တပ်ဆင်အသုံးပြုထားခြင်း


၃.လွယ်ကူစွာ မောင်းနှင် နိုင်ပြီး စွမ်းဆောင်ရည် မြင့်မားသည့် HMT ဂီယာဘောက်

ပိုမို ချောမွေ့ပြီး လိုအပ်သည့်အမြန်နှုန်းကို သတ်မှတ်ချက်အတိုင်း ပြောင်းလဲ အသုံးပြုနိုင်သည့် Hydro-Mechanical transmission ။ စိုစွတ်သည့် ကွင်းများတွင်လည်း အမြင့်မားဆုံး စွမ်းဆောင်၇ည်ဖြင့် စွမ်းအင်ပြည့်မောင်းနှင် နိုင် ရန်ပံ့ပိုးပေးနိုင်ခြင်း။


၄.စိုက်ကွင်းအခြေအနေအမျိုးမျိုးတွင်လည်း တည်ငြိမ်စွာ မောင်းနှင် နိုင်ခြင်း

ကြီးမားသည့် ဘီးများသည်ရေနက်ကွင်းများတွင် မောင်းနှင်သည့် စွမ်းရည် ပိုမိုကောင်းမွန်လာစေနိုင်ရန် ပံ့ပိုး အကေူညီထားသည် ။ ဘီးအခြေထိ ပိုမို ရှည်လျားသည့် အတွက် တည်ငြိမ်သည့်ဟန်ချက်နှင့် လှုပ်ခါခြင်းကို နည်းပါးစေသည်။


၅. ကြီးမားသည့် ဆီသိုလှောင်ကန်

ဆီသိုလှောင်နိုင်မှု ပမာဏ (၃၇) လီတာ သိုလှောင်နိုင် သည့် သိုလှောင်ကန် တပ်ဆင်ထား သောကြောင့် လယ် (၁၁) ဧက ထိ ဆီပြန်လည်ဖြည့် တင်းရန်မလိုအပ်ပဲ အဆက်မပြတ် အလုပ်လုပ် နိုင်ပါသည်။


၆. လွယ်ကူစွာ ပြုပြင်ထိန်းသိမ်းနိုင်ခြင်း

ရှေ့ခေါင်းခန်းအား လီဗာတချောင်းတည်းဖြင့် လွယ်ကူစွာ ဖွင့်နိုင်ပြီး နေ့စဉ် ထိန်းသိမ်း စစ်ဆေးခြင်းကို အလွယ်တကူ လုပ်ဆောင် နိုင်ပါသည်။


အသေးစိတ်အချက်အလတ်မျာ

မော်ဒယ် YR60D
စက်ကိုယ်ထည်
အတိုင်းအတာများ
စုစုပေါင်းအလျား မီလီမီတာ 3451
စုစုပေါင်း
အနံ
ဘယ်ဘက် နှင့် ညာဘက်ထိပ် မျဉ်းအမှတ်ကြား
အကွာဝေးဖြစ်သည်။
သိုလှောင်ချိတ် အသုံးမပြုပါ။
(မျဉ်းအမှတ် မပါဝင်ပါက)
မီလီမီတာ 2990
မျဉ်းတစ်ကြောင်းအမှတ်ကို အသုံးပြုသည်။
အခြားမျဉ်းအမှတ်ကို အသုံးမပြုပါ။
သိုလှောင်ချိတ် အသုံးမပြုပါ။
(မျဉ်းအမှတ် ပါဝင်ပါက)
3325
စုစုပေါင်း အမြင့် မီလီမီတာ 2395
မြေပြင်နှင့် အလွတ်အကွာအဝေး အနိမ့်ဆုံး မီလီမီတာ 425
စက်အလေးချိန် ကီလိုဂရမ် 797
အင်ဂျင် မော်ဒယ် - 3TNM72-CUP2
အမျိုးအစား - ဆလင်ဒါ ၃လုံး၊ ဒေါင်လိုက်၊ ရေအအေးခံ၊ ဒီဇယ်အင်ဂျင်
စုစုပေါင်း ထုထည် အရွေ့ လီတာ (စီစီ) ဝ.၉၀၃ (၉၀၃)
အမြင့်ဆုံး အထွက်စွမ်းအား/ အရှိန် ကီလိုဝပ် (မြင်းကောင်ရေ)/rpm ၁၅.၄ (၂၀.၉) / ၃၂၀၀
ဆီအမျိုးအစား - ဒီဇယ်
ဆီတိုင်ကီ ဝင်ဆံ့သည့် ပမာဏ လီတာ 37
စတင်စက်နှိုးစနစ် - လျှပ်စစ်ဖြင့် စတင်နှိုးခြင်း
မောင်းနှင်
အစိတ်အပိုင်း
စတီယာရင် အမျိုးအစား - Ackerman (ပါဝါစတီယာရင်)
ဘီးများ အမျိုးအစား x အရေအတွက် ရှေ့ဘီးများ - Puncture-free တာယာများ x ၂
နောက်ဘီးများ - ရာဘာ ၂ ဘက်အုပ် တာယာများ x ၂
အပြင်ဘက် အချင်း ရှေ့ဘီး မီလီမီတာ 650
နောက်ဘီး မီလီမီတာ 950
တာယာပန်း ရှေ့ဘီး မီလီမီတာ 1220
နောက်ဘီး မီလီမီတာ 1200
ဂီယာထိုးသည့် အဆင့်များ - ရှေ့ ၂ ချက်၊ နောက် ၁ ချက်
(HMT non-gear-stage transmission)
ကောက်စိုက်
အစိတ်အပိုင်းများ
ကောက်စိုက်အမျိုးအစား - ရိုထရီ အမျိုးအစား
"မ" သည့်စနစ် - ဟိုက်ဒရောလစ်
ကောက်စိုက်သည့် အတန်း အရေအတွက် - 6
အတန်းများ ကြား အကွာအဝေး စင်တီမီတာ 30
ကောက်ပင် တစ်ပင်ချင်းစီ၏ ကြား အကွာဝေး စင်တီမီတာ ၂၈၊ ၂၀၊ ၁၇၊ ၁၅၊ ၁၂
ကောက်ပင်အရေအတွက် အရေအတွက်/ ၃.၃ စတုရန်းမီတာ ၄၀၊ ၅၅၊ ၆၅၊ ၇၅၊ ၉၀
ကောက်စိုက် အနက် မီလီမီတာ ၁၅ မှ ၆၀ (အဆင့် ၆ဆင့်)
ကောက်စိုက်စနစ်ထိန်းချုပ်ခြင်း - အလိုလျောက် ထိန်းချုပ်စနစ် (UFO)
ပျိုးပင်အရေ အတွက်/ကဒ် ဘေးတိုက် မီလီမီတာ/အကြိမ် ၁၁/၂၆၊ ၁၄/၂၀၊ ၁၆/၁၈
ထောင်လိုက် မီလီမီတာ/အကြိမ် ၈ မှ ၁၈ (အဆင့် ၁၁ ဆင့်)
ကောက်စိုက် အရှိန် မီတာ/စက္ကန့် ၀ မှ ၁.၆၅ (ချော်မှု အချိုး ၀ %)
ပျိုးပင်ထည့်သည့်အောက်ခံကဒ်အရေအတွက် (အပို) - ၁၈ (၆)
စွမ်းဆောင်နိုင်မှု (ခန့်မှန်းတန်ဖိုး) မိနစ်/ဧက အနည်းဆုံး ၃၆
ပျိုးပင်၏အခြေအနေ ပျိုးပင်အမျိုးအစား - အောက်ခံအခင်း ပျိုးပင်အမျိုးအစား
ပျိုးပင်အမြင့် စင်တီမီတာ ၁၀ မှ ၂၅
ပျိုးပင်၏ အသက် အရွက် ၂ မှ ၄.၅
အောက်ခံစိုက်ပျိုးကဒ် အရွယ်အစား
(အလျား x အနံ x အထူ (မြေဆီလွှာ))
စင်တီမီတာ ၅၈ x ၂၈ x ၃
အချက်ပြကိရိယာ - အင်ဂျင်ရေအပူချိန်၊ အင်ဂျင်ဝိုင်ဖိအား၊
UFO ပြဿနာ၊ ပျိုးပင်ထည့်ခြင်း၊
ယူနစ်ကလပ် နောက်သို့ပြန်ခြင်း