အမျိုးအစား | ကြံစိုက်စက် |
---|---|
အလေးချိန် | 550 - 1000 kg |
သီးနှံများ
တပ်ဆင်နိုင်သောထွန်စက်
Y2380SPK / Y2395SPK for EF725T
အချက်အလက်များ
ပိုမိုမြင့်မားသောအထွက်နှုန်းနှင့် အလုပ်သမားလိုအပ်ချက်လျော့ချဖို့အတွက် အသစ်တီထွင်လိုက်သော နည်းပညာအဖြေ
အပင်နက်နက်စိုက်ပျိုးခြင်းသည် မျိုးစေ့ရေသောက်အားပိုမိုကောင်းစေသည်
အပင်နက်နက်စိုက်ပျိုးခြင်းဖြင့် အမြစ်ပိုမိုကောင်းမွန်စေပြီး အထွက်နှုန်းပိုကောင်းစေသည်
အပင်နက်နက်စိုက်ပျိုးခြင်းသည် နှစ်ဆင့်ရိတ်သိမ်းခြင်းအတွက်အကောင်းဆုံးနည်းပညာဖြစ်သည်
လုပ်သားလိုအပ်ချက်နှင့် အချိန်ကုန်သက်သာစေသည်
ရှည်လျားသောပင်စည်ကို အပင်ဖြတ်စက်ထဲသို့ထည့်ပါ
ပင်စည်ကို ၃၅ စင်တီမီတာ နီးပါဖြတ်တောက်သည်
ကြီးမားကျယ်ပြန့်သောကွင်းပြင်ထဲတွင်အပင်စိုက်ခြင်းနှင့်အတူမြေဆီတစ်ပြိုင်နက်ထည့်သွင်းခြင်းကြောင့်အပင်စောလျှင်စွာကြီးပြီးကောင်းမွန်သောအထွက်နှုန်းကိုရရှိစေပါတယ်
အမျိုးမျိုးသောမြေများအတွက်သင့်တော်ခြင်း
အပင်စိုက်သည့်အနက်ကို မြေမျက်နှာပြင်အလိုက်အမျိုးမျိုး ချိန်ညှိနိုင်ပါသည်
အဆင့်၃ဆင့် – ၂၀ ၊ ၂၅ ၊ ၃၀ စင်တီမီတာ (မြင်းကောင်ရေ ၇၀ – ၉၀)
အဆင့်၅ဆင့် – ၂၀ – ၃၃ စင်တီမီတာ (မြင်းကောင်ရေ ၈၀ – ၁၁၀)
နှစ်ဆင့်ရိတ်သိမ်းခြင်းအတွက်နောက်ဆုံးနည်းပညာ
၃၀ စင်တီမီတာ အနက်စိုက်ပျိုးခြင်းဖြင့် အကောင်းဆုံးအထွက်နှုန်းကိုရရှိစေပါသည်
မိုးရေများကိုကောင်းမွန်စွာသိုလှောင်နိုင်ရန် မြေအောက်ရေသိုလှောင်ရန်လည်းလုပ်ဆောင်ထားသည်
အလွယ်တစ်ကူအသုံးပြုနိုင်ခြင်းနှင့် ရေရှည်အသုံးခံခြင်း
မြေဖိသိပ် ဒလိမ့်တုံး
မြေဖိသိပ် ဒလိမ့်တုံးဖိအားကို စပရိန်ဖြင့် ချိန်ညှိနိုင်သည်
အပိုင်းဖြတ်စက်
အရည်အသွေးကောင်းမွန်သည့် ဓားသွားများကြောင့် အကြမ်းခံရေရှည်အသုံးပြုနိုင်ပါသည်
မြေဆီသိုလှောင်နေရာ
- မြေဆီသိုလှောင်နေရာကို အရည်အသွေးကောင်းမွန်သည့် သံဖြင့်ပြုလုပ်ထားသည်
- မြေဆီကို အပင်ခြေရင်းသို့ တိုက်ရိုက်လိုအပ်သလို ထည့်သွင်းရသည့်အတွက် အပင်ကြီးထွားမှုနှုန်းကောင်းပြီး မြေဆီအပိုကုန်ကျ မှုမရှိပါ
အချက်အလက်များ
အမျိုးအမည် | Y2380SPK | Y2395SPK | |
---|---|---|---|
တန်းအရေအတွက် | နှစ်ထပ် | နှစ်ထပ် | |
တန်းကြားအကွာအဝေး(လက်မ) | 200 - 250 | 250 - 300 | |
စိုက်ပျိုးနိုင်သည့်အနက်(လက်မ) | 200, 250, 300 | 200 - 330 / 5step | |
မြေဆီထည့် တိုင်ကီ | ပစ္စည်း | အရည်အသွေး ကောင်းမွန်သောသံ | အရည်အသွေး ကောင်းမွန်သောသံ |
ပမာဏ | 50 | 50 | |
ကြံတင်ဆောင်နိုင်သောပမာဏ(ကီလိုဂရမ်) | 550 - 600 | 800 - 1,000 | |
လုပ်နိုင်သည့် အမြန်နှုန်း (ကီလိုမီတာ/နာရီ) | 3.0 - 3.5 | 3.0 - 3.5 | |
ချိတ်ဆက်မှု အဆင့် | SAE #2 | SAE #2 | |
မြင်းကောင်ရေ | 70 - 90 | 80 - 110 |
* မှတ်ချက်-ဖော်ပြပါနည်းပညာ အချက်အလက်၊ အတိုင်းအတာများ နှင့် အလေးချိန်တို့သည် အနီးစပ်ဆုံး ဖြစ်သည်။ (ယန်းမာမှ အသိပေးမှု မရှိဘဲ ပြောင်းလဲ ပြင်ဆင်နိုင်ခွင့်ရှိသည်။)
* လယ်ယာမြေ အနေ အထားပေါ် မူတည်ပြီး စက်၏စွမ်းဆောင်ရည်ပြောင်းလဲမှုရှိနိုင်သည်