အမျိုးအစား ကြံစိုက်စက်
အလေးချိန် 590 kg

သီးနှံများ

  • ကြံ

တပ်ဆင်နိုင်သောထွန်စက်
Y2250SPK for YM351A / YM357A / EF514T

အချက်အလက်များ

ကြံစိုက်လုပ်သား လိုအပ်ချက်ကို လျော့ချ လိုက်ပါ
တစ်ဆင့်တည်းဖြင့် မျိုးစုံ ပြုလုပ်နိုင်ခြင်း ဘောင်ထိုးခြင်း၊ကြံဖြတ်ခြင်း၊စိုက်ခြင်း၊မြေဆီထည့်ခြင်း၊မြေပြန်ဖုံး ခြင်း၊မြေပြန်ဖိခြင်း

စက်ကိုအသုံးပြုခြင်းဖြင့် လုပ်အား တိုးမြှင့်လိုက်ပါ
ရှည်လျားသော ကြံပင်များကို လွယ်ကူစွာ စိုက်ပျိုးနိုင်ပါ သည်
မြေအနေ အထားအလိုက် မြေအတိမ်အနက် လိုအပ်သလို စိုက်ပျိုးနိုင်ပါသည်


အချိန် နှင့် လုပ်သား လိုအပ်မှုလျော့ချလိုက်ပါ

ကြံပင် အရှည်ကို ဖြတ်စက်ထဲသို့ ထည့်ပေးရန် လိုအပ်ပြီး ဖြတ်စက်မှ
ကြံပင်အရှည်ကို ၁၁.၈ လက္မ အထိ ဖြတ်တောက်ပေးနိုင်ပါသည်


စိုက်ပျိုးသည့် မြေအနက်တူညီစွာ ရှိခြင်းကြောင့် ကောင်းမွန်သည့် အရွက်များနှင့် အပင်များ ကြီးထွားလာစေရန် မျှော်လင့်ထားပါသည်


စိုက်ဧကကြီးမားသော်လည်း လိုအပ်သည့် အချိန် စိုက်ပျိုးနိုင်သည်
အပင်များ ကောင်းမွန်စွာ ကြီးထွားပြီးနောက် အထွက်နှုန်းလည်း တိုးတက်စေပါသည်


မြင်းကောင်ရေ အနိမ့်ဆုံး ၅၀ ရှိသည့် ထွန်စက်မှ စတင် အသုံးပြုပြီး စိုက်ပျိုးနိုင်ပါသည်

စိုက်ပျိုးသည့် အနက်ကို လည်း ၈လက္မ မှ ၁၀ လက္မ အထိ ပုံသေချိန်ညှိ ထားနိုင်ပါသည်
စိုက်ပျိုးသည့် အချိန်ကတည်းက မြေဆီထည့်ခြင်း၊မြေပြန်ဖုံးပေးခြင်း၊
မြေပြန်ဖိပေးခြင်းတို့ကို တစ်ကြိမ်တည်းဖြင့် ပြုလုပ်ပေးနိုင်သည့် အတွက် စိုက်ပျိုး ဧကများစွာကို လျှင်မြန်စွာပြီးစေမှာပါ


ပုံသေချိန်ညှိ စိုက်ပျိုးခြင်း

မြေပြန်ဖုံးပေးသည့် မြေကြီးပမာဏအား ထယ်ဗန်း အရှေ့ အနောက်၊အမြင့် နှင့်ထယ်ဗန်းစောင်းတို့ဖြင့် လိုအပ်သလို ချိန်ညှိနိုင်ပါသည်


မြေကြီး ပြန်လည်ဖိသိပ်ပေးရန် မြေဖိ ဒလိမ့်တုံး ဖိအားကို စပရိန်ဖြင့် လိုအပ်သလို ချိန်ညှိပေးနိုင် ပါသည်


အကြမ်း ခံနိုင်ခြင်း

ကြံဖြတ်စက်
မီးပြင်းပြင်းဖြင့် ပြုလုပ်ထားသည့် ဓားသွားဖြစ်သည့် အတွက် အကြမ်းခံပြီး ရေရှည် အသုံးပြုနိုင်မှာ ဖြစ်ပါသည်


မြေဆီ ထည့် သည့်တိုင်ကီ

  • မြေဆီထည့်သည့် တိုင်ကီ(ကန်) ကို အရည်အသွေး ကောင်းမွန်သော သံဖြင့် ပြုလုပ်ထားပါသည်
  • မြေဆီကို အပင်ခြေရင်းသို့ တိုက်ရိုက် လိုအပ်သလို ထည့်သွင်းလို့ရ သည့်အတွက် အပင်ကြီးထွားမှုကောင်းပြီး မြေဆီအပို ကုန်ကျမှုမရှိပါ

အချက်အလက်များ

အမျိုးအမည် Y2250SPK
တန်းအရေအတွက် 2
တန်းကြားအကွာအဝေး(လက်မ) 200 - 250
ပျိုးပင်စိုက်နိုင်သော အနက် (လက္မ) 200 - 250
မြေဆီတိုင်ကီ ပစ္စည်း အရည်အသွေး ကောင်းမွန်သောသံ
ပမာဏ 50 kg x 1
ကြံပင်ဖြတ်နိုင်သည့် အလျား (လက္မ) ≥300
လုပ်နိုင်သည့် အမြန်နှုန်း (ကီလိုမီတာ/နာရီ) 3 - 3.4
အလေးချိန် 590
ချိတ်ဆက်မှု အဆင့် SAE #1
မြင်းကောင်ရေ 45 - 60

* မှတ်ချက်-ဖော်ပြပါနည်းပညာ အချက်အလက်၊ အတိုင်းအတာများ နှင့် အလေးချိန်တို့သည် အနီးစပ်ဆုံး ဖြစ်သည်။ (ယန်းမာမှ အသိပေးမှု မရှိဘဲ ပြောင်းလဲ ပြင်ဆင်နိုင်ခွင့်ရှိသည်။)
* လယ်ယာမြေ အနေ အထားပေါ် မူတည်ပြီး စက်၏စွမ်းဆောင်ရည်ပြောင်းလဲမှုရှိနိုင်သည်

ဗီဒီယို