အမျိုးအစား မြေမွအစေ့ချစက် (ပြောင်း)
အလေးချိန် 212 - 250 kg

သီးနှံများ

  • ပြောင်း
  • ပဲ

တပ်ဆင်နိုင်သောထွန်စက်
Y2000SDU-3 / Y2000SDU-4 for YM351A / YM357A / EF514T

အချက်အလက်များ

ပြောင်းအစေ့ချခြင်းအတွက် လုပ်သားအင်အားလျော့ချနိုင်ခြင်းနှင့်ကုန်ကျစရိတ်သက်သာခြင်း
စိုက်ပျိုးခြင်း x ဘောင်ဖော်ခြင်း x မျိုးစေ့ချခြင်း x မြေဆီထည့်ခြင်း x မျိုးစေ့မြေပြန်ဖုံးခြင်း တို့ကို တစ်ကြိမ်တည်းဖြင့် မျိုးစုံပြုလုပ်နှိုင်ခြင်း
မြေမွစက်ဖြင့်မြေပြင်ခြင်းသည်မြေကြီးမှ‌ရေ‌ ငွေ့ပျံနှုန်းလျော့ကျစေခြင်းနှင့် အပင်ပေါက်အားပိုမိုကောင်းမွန်ခြင်း

မြေမွစက်ဖြင့်မြေပြင်ခြင်း ၊ အစေ့ချခြင်း၊ မြေဆီထည့်ခြင်းတို့ကို တစ်ကြိမ်တည်းဖြင့် ပြီးမြောက်စေခြင်း

ပျိုးပင်များကောင်းမွန်စွာ ကြီးထွားနိုင်ရန် မြေအစိုဓါတ်ထိန်းပေးခြင်း နှင့် အပင်ပေါက်နှုန်းညီညာစေခြင်း

မျိုးစေ့ချအနက်ညီညာသည့် အတွက် အပင်ကြီးထွားမှု တူညီနိုင်ခြင်း


အလုပ်သမားလိုအပ်ချက်လျော့ချရန်အတွက် ယန်းမာ၏ အစေ့ချ စနစ်

  • အစေ့ချစက်ကို ထွန်စက်၏နောက်တွဲ မြေမွစက်တွင်တပ်ဆင်ထားသောကြောင့်မထွန် (ထယ်)ရသောမြေမှာပင်လျှင် တစ်ကြိမ်တည်းဖြင့်ပြီးမြောက်စေပါသည်။
  • စိုက်သည့်ပုံစံကိုလည်း လိုအပ်သလို အမျိုးမျိုး ရွေးချယ်စိုက်ပျိုးနိုင်ပါသည်။ ( မြေအပြန့် ပုံစံ စိုက်ခြင်း၊မြောင်းဖော် စိုက်ခြင်း၊ ဘောင်ဖော်စိုက်ခြင်း)
  • တစ်ကြိမ်တည်းဖြင့် မြေမွခြင်း(မြေစာခဲကြီးများချေခြင်း)၊ မျိုးစေ့ချခြင်း ၊မြေဆီထည့်ခြင်း၊ မျိုးစေ့မြေပြန်ဖုံးခြင်း တို့ပြီးမြောက်စေပါတယ်


ပျိုးပင်ပေါက်နှုန်း ကောင်းမွန်စွာ ဖြစ်ထွန်းနိုင်ခြင်း

  • မြေဆီလွှာကို မြေမွစက်ဖြင့် ‌ မြေထွန်ယက်ခြင်းသည် မြေ အစိုဓါတ်ကို ထိန်းသိမ်းပေးပြီး မျိုးစေ့များကောင်းမွန်စွာ ကြီးထွားနိုင်သော သဘာဝ အခြေအနေ တစ်ရပ်ဖြစ်ပေါ်စေ ပါသည်
  • မြေအစိုဓါတ် ထိန်းသိမ်းမှုမှာ မြေမွစက်နောက် အဖုံးဖြင့် ခြေမွပြီးသောမြေခဲများ ကို ပြန်လည်ညှိပေးပြီး မျိုးစေ့များ ကောင်းမွန်စွာ ကြီးထွားစေပါသည်

လိုအပ်သော ပုံစံရွေးချယ် စိုက်ပျိုးနိုင်ခြင်း

  • ဘောင်ဖော်တိုင်များကို ချိန်ညှိခြင်းအားဖြင့် လိုအပ်သော ဘောင်အနိမ့်အမြင့်ကို ရရှိနိုင်ပါသည်။
    မျိုးစေ့ချအနက်ကိုလည်း လိုအပ်သလို ဘေးနှစ်ဖက်တွင်ရှိသော ထောက်တိုင်နှစ်ခုဖြင့် လိုအပ်သလို ချိန်ညှိနိုင်သည့် အတွက် မျိုးစေ့များ ကောင်းမွန်စွာ ကြီးထွားနိုင်ပါသည်

  • ကောင်းမွန်စွာ ပြုလုပ်ထားသည့် မျိုးစေ့ချသည့် ပလိပ်ပြားကြောင့် မျိုးစေ့များကို တစ်စေ့ချင်း စိုက်ပျိုးနိုင်သည် ။ မျိုးစေ့ အကွာဝေးကိုလည်း ပင်နယံများ ကိုပြောင်းလဲပြီး ချိန်ညှိနိုင်ပါသည်

မည်သည့် ယန်းမာထွန်စက်နှင့်မဆို တွဲဖက်အသုံးပြုနိုင်သည်

မြင်းကောင်ရေ ၅၁ မှ မြင်းကောင်ရေ ၇၂ ကောင် အထိ‌ရွေးချယ်ပြီး မျိုးစေ့ချတန်း ( လိုင်း ) များကို အကွာအဝေး အလိုက်ရွေးချယ်လိုက်ပါ မျိုးစေ့ အကွာအဝေး (တစ်စေ့ နှင့် တစ်စေ့ ) ကိုလည်း ချိန်ညှိနိုင်ပါသည်
မြေအနက်ကိုလည်း ဘောင်ဖော်တိုင် များကို ချိန်ညှိပြီး ၆လက္မ မှ ၈ လက္မ အထိလိုအပ်သလို ချိန်ညှိနိုင်ပါသည်


မျိုးစေ့ နှင့် မြေဆီ ပမာဏကိုလည်း အလွယ်တကူစစ်ဆေးနိုင်ပါသည်

မျိုးစေ့ချသည့် ပိုက် အကြည် မြေဆီထည့်သည့် တိုင်ကီ(ကန်) ကိုအရည် အသွေးကောင်းမွန်သော သံဖြင့်ပြုလုပ်ထားပါသည်

  • ကျန်ရှိသော မျိုးစေ့နှင့် မြေဆီ ပမာဏကိုလည်း အဖုံးဖွင့် စရာမလိုဘဲ အလွယ်တကူ စစ်ဆေးနိုင်သည်
  • မြေဆီ ပမာဏကိုလည်း လိုအပ်သလို အလွယ်တကူ ချိန်ညှိနိုင် ပါသည်
    လိုအပ်သလို တိကျစွာ မြေဆီထည့်နိုင်သည့် အတွက် အပင်ကြီးထွားမှုကောင်းစေပြီး မြေဆီဆုံးရှုံး မှုမဖြစ်ပေါ်စေပါ

အချက် အလက်များ

အမျိုးအစား Y2000SDU-4
အရွယ်အစား 4 Row
စိုက်ပျိုးနိုင်သည့် အနက်(လက္မ) 100 - 150
လုပ်ဆောင်နိုင်သည့် အမြန်နှုန်း ( ကီလိုမီတာ/နာရီ) 4
မျိုးစေ့ထည့်ကန် ဝင်ဆံ့သည့် ပမာဏ (ကီလိုဂရမ်) 7 kg x 4
မြေဆီ ထည့်ကန် ဝင်ဆံ့သည့် ပမာဏ (ကီလိုဂရမ်) 20 kg x 2
မြေဆီကုန်ကျမှုနှုန်း ( ကီလိုဂရမ်/ဟတ်တာ) 125
မျိုးစေ့ အကွာအဝေး (လက္မ) 200 - 250
တန်းကြား အကွာအဝေး (လက္မ) 600 - 700
အလေးချိန် (တန်) 250
ချိတ်ဆက်မှု အဆင့် SAE #1
မြင်းကောင်ရေ 55 - 75

* မှတ်ချက်-ဖော်ပြပါနည်းပညာ အချက် အလက် အတိုင်းအတာများနှင့် အလေးချိန်တို့သည် အနီးစပ်ဆုံဖြစ်သည်။(ယန်းမာမှ အသိပေးမှု မရှိပဲ ပြောင်းလဲပြင်ဆင်နှိုင်ခွင့်ရှိသည်)။
* လယ်ယာမြေအနေအထားပေါ်မူတည်ပြီး စက်၏စွမ်းရည် ပြောင်းလဲမှုရှိနိုင်သည်